Back to Browse

Coding for Kids: Introduction

3.4K views
Feb 17, 2023
12:49

ဘာကြောင့် ကလေးတွေကို Coding သင်ပေးသင့်တာပါသလဲ ============ လက်ရှိတွင် ကွန်ပျူတာနှင့် နည်းပညာကို အသုံးပြုပြီး နေ့စဉ်ဘဝလိုအပ်ချက်များဖြစ်သည့် ဈေးဝယ်ခြင်း၊ စာလေ့လာခြင်း ၊ အစားအသောက်မှာယူခြင်း စသည့်တို့ကို လုပ်ဆောင်နေကြပါပြီ။ အနာဂတ်တွင် စက်ရုပ်များ ၊ ဉာဏ်ရည်တု (AI = Artificial Intelligence) ၊ VR = Virtual Reality (ဥပမာ Metaverse ထဲတွင် Shopping, Learning , Meeting, Socializing) များကို ပိုမိုသုံးစွဲလာကြမည်ဟု ခန့်မှန်းထားကြပြီး မိမိတို့ကလေးများ၏ ပြိုင်ဘက်များသည် အဆိုပါ Robots, AI, VR များ ဖြစ်လာနိုင်ပါသည်။ အနာဂတ်တွင် Machine Learning ခေါ်သော နည်းပညာပိုမိုထွန်းကားလာပြီး စက်ရုပ်များ (AI) ကိုယ်တိုင်က လူအစစ်ကဲ့သို့ Computer Coding များ ရေးသားလာနိုင်မည် ဖြစ်သည့်အတွက် လက်ရှိ ၆ နှစ်အရွယ် ကလေးတစ်ယောက် အသက် ၂၆ အရွယ် (နောင် အနှစ် ၂၀) တွင် Coding / Programming ကို နားမလည်လျှင် စာမတတ်သူတစ်ယောက်ပမာ ဖြစ်သွားနိုင်ပါသည်။ အရင်ခေတ်ကလို ဆယ်တန်းအောင်ပြီးမှ ကွန်ပျူတာ နည်းပညာများကို လေ့လာသင့်သည့်ဆိုသည်မှာ ခေတ်မမီတော့သော အတွေးအခေါ်တစ်ခုဖြစ်သွားပါပြီ။ ထို့အတွက်ကြောင့် Coding / Programming က ကမ္ဘာ့ပညာရေးအကောင်းဆုံးနိုင်ငံများတွင် မူလတန်းအရွယ်ကတည်းက လေ့ကျင့်ပျိုးထောင်နေကြပါသည်။ With Love, ROP - Republic of Professionals www.facebook.com/ropcenter www.youtube.com/@ropschool

Download

0 formats

No download links available.

Coding for Kids: Introduction | NatokHD