Dyn-PythonScript_Part5: RevitAPI - ElementCollector and Get Instance and Type Parameter Values
ဒီ video မှာတော့ Revit API ကို Dynmo-Python Script ထဲ အသုံးပြုကို လေ့လာမိသလောက်လေး မျှဝေပေးလိုက်ပါတယ်။ အတိုချုပ် အနေနဲ့ ဆိုရင်တော့ - AddReference အနေနဲ့ 'RevitAPI' နဲ့ 'RevitServices' တို့ကို ခေါ်သွင်းပါတယ်။ - 'RevitAPI' အောက်က Autodesk.Revit.DB တခုလုံးကို import လုပ်ပါတယ်။ - 'RevitServices' အောက် Persistence ထဲက DocumentManager ကို import လုပ်ပါတယ်။ - Current Document ကို doc အနေနဲ့ သတ်မှတ်ပါတယ်။ - အဲ့ဒီနောက် Element Collection အတွက် FilteredElementCollector(doc) ကိုအသုံးပြုပါတယ်။ - Element တွေကို Collect လုပ်တဲ့နေရာမှာ OfCategory(BuiltInCategory.OST_Walls).ToElements() ကိုအသုံးပြုပါတယ်။ - ဒီအခြေအနေမှာ Current Document ထဲကအသုံးပြုထားဆဲ Wall တွေရော Wall Type တွေပါ Collect လုပ်သွားပါလိမ့်မယ်။ - တကယ်လို့ Wall Type ပဲ လိုချင်ရင် WhereElementIsElementType().ToElements() ကိုအသုံးပြုပါရတယ်။ - တကယ်လို့ Wall တွေ ပဲ လိုချင်ရင် WhereElementIsNotElementType().ToElements() ကိုအသုံးပြုပါရတယ်။ - Element တွေကို Collect လုပ်တဲ့ နောက် Method တခုကတော့ OfClass(Wall).ToElements() ကိုအသုံးပြုပါတယ်။ - ဒီနည်းနဲ့ ဆိုရင်တော့ Current Document ထဲက အသုံးပြုထားဆဲ Wall တွေကိုပဲ Collect လုပ်သွားပါလိမ့်မယ်။ - အဲ့ဒီနောက် Collect လုပ်ထားတဲ့ Wall တွေရဲ့ Instance Parameter တခုခုရဲ့ Value တွေကို Extract လုပ်ယူပါတယ်။ - ဒါ့အပြင် Collect လုပ်ထားတဲ့ Wall တွေရဲ့ Type Parameter တခုခုရဲ့ Value တွေကိုလည်း Extract လုပ်ယူပါတယ်။ - နောက်ဆုံးအနေနဲ့ကတော့ အဲ့ဒီ Instance Parameter နဲ့ Type Parameter တွေကို User Input အနေနဲ့ ဖန်တီးလိုက်ပါတယ်။ ဒီ Python Script လေးကို အချိန်တိုအတွင်း အောင်အောင်မြင်မြင် ဖြစ်လာဖို့အတွက် ဆရာသန်းနိုင်ဦး ရဲ EdenAI Dynamo Python Learning Assistant က အများကြီး အကူအညီ ရခဲ့ပါတယ်။ EdenAI အတွက် ဆရာသန်းနိုင်ဦး ကို ကျေးဇူးအထူးတင်ရှိကြောင်း ကပြောပါရစေ။ အကျိုးရှိမယ့် Knowledge အသစ်ကလေးတွေနဲ့ အတူ ပြန်လာခဲ့ပါအုံးမယ်။
Download
0 formatsNo download links available.