တခါတရံမှာ အချက်အလက်တွေကို Formatting (Bold, Italic, Color, Higilight, etc..) ပြုလုပ်ရာတွင် မည်သည့် Cell ကို ပြုလုပ်ရမည်မှာ အတိအကျမရှိဘဲ Cell ၏ တန်ဖိုး (သို့) အခြေအနေတစ်ခုပေါ်တွင်မူတည်နေတတ်ပါတယ်၊ (ဥပမာ - ကျောင်းသား၏ အမှတ်မှာ ၆၀ အောက်ရောက်နေလျှင် ၎င်းအကွက်အား အနီရောင်ပြမည်ဖြစ်ပြီး၊ ၆၀ နှင့်အထက်ရှိပါက ဘာမှမလုပ်လိုပါ)
ဒီအခြေအနေမျိုးမှာတော့ ပုံမှန် Formatting ကိုအသုံးချနိုင်မှာ မဟုတ်တော့ဘဲ ယခုဆွေးနွေးမည့် Excel Conditional Format ကို အသုံးပြုနိုင်ရန် လိုအပ်လာမှာဖြစ်ပါတယ်၊
ယခု ဗွီဒီယိုကို သေချာလေ့လာပြီးချိန်တွင် Conditional Format ကို ကောင်းစွာနားလည်သွားမည်ဟု မျှော်လင့်ပါတယ်၊