Back to Browse

Khit Thit Evening News | May 17 , 2026

323.0K views
May 17, 2026
22:57

Khit Thit သတင်းဌာန၏ မေ ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မေ ၁၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ --အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရက် ၁၀၀ စီမံချက်အတွင်း သားဖြစ်သူ အောင်ပြည့်စုံ ရင်းနှီးမြှုပ်နှံထားတဲ့ ပြင်ဦးလွင်မြို့နယ်၊ပြင်စာကျေးရွာ အနီးမှာရှိတဲ့ ရတနာပုံမြို့သစ်စီမံကိန်းနှင့် ပြင်ဦးလွင်မြို့ ဖွံ့ဖြိုးစည်ပင်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ဖို့ ဇောက်ချတွန်းအားပေး လုပ်ဆောင်နေပါတယ်။ - တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ခမရ ၅၆၁ တပ်ရင်းကိုလာတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၅ ဦးသေဆုံးပြီး ကား ၁ စီးပျက်စီးခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၃ တပ်ရင်းရဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ - မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စလင်း-ကံပြား လမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မင်းဘူးခရိုင် အမှတ် - ၅ တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ - အမေရိကန်နိုင်ငံနဲ့ ပြုလုပ်နေတဲ့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတွေဟာ အဆင်မပြေ ဖြစ်နေရတဲ့ အတွက်၊ တကယ်လို့ ဆွေးနွေးပွဲတွေသာ ကျရှုံးခဲ့မယ်ဆိုရင် အမေရိကန်နဲ့ တိုက်ရိုက် စစ်ရေးပဋိပက္ခ ပြန်လည်စတင်ဖို့ အဆင်သင့်ရှိနေတယ်လို့ အီရန်အစိုးရက သတိပေးလိုက်တဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

Download

0 formats

No download links available.

Khit Thit Evening News | May 17 , 2026 | NatokHD