Back to Browse

Moe

100 views
May 18, 2026
3:09

ကျွန်​တော် နဲ့ ​စောဘွဲ့မှူး အပိုင်း(၂) ကူရှင် ဘုရား​ကျောင်းပွဲညက ဘဝရဲ့ ပထမဆုံး stageshow ၊ နာမည်ကြီးအဆို​တော်ကြီးများနဲ့တွဲတီးရလို့ ရင်ခုန် ကြည်နူး ဂုဏ်ယူမဆုံး တပြုံးပြုံး ပြီးတာ​တောင်မပြန်နိုင်​သေး၊ကျွန်​တော်ဟာ ဗုဓ္ဒ ဘာသာတ​ယောက်​ပေမဲ့ ​​ယေရှုဘုရားသခင်ရဲ့​ကျေးဇူး​တော်ကို အကြိမ်ကြိမ် ရင်ထဲက​ခေါ်ဆို​နေမိပါတယ်၊ ည​ရောက်ပြန်​တော့လည်း အိပ်သာအိပ်​နေတာ နားထဲမှာ သီချင်းသံ​တွေဘဲကြား​နေမိတယ်၊မနက်မိုးလင်း​တော့လည်းရင်ထဲဟာတာတာကြီး၊အဲ့အချိန် ဘွဲ့မှူး​ရောက်ချလာတယ်၊​ဟေ့​ရောင် ဖိုးသက် မင်းညကအိပ်​ပျော်လား. တဲ့၊ဪ လူငယ်နှစ်ဦးရဲ့ ရင်ထဲကို ဂီတဆိုတဲ့ သုခုမ ကအနိုင်ယူသွားခဲ့ပြီဘဲ​လေ။ အဲ့တုန်း က ကျွန်​တော်က ​ဇော်ဝင်း. သူက ကျွန်​တော့ကို ဖိုးသက် လို့​ခေါ်တယ်၊ကျွန်​နော်တို့နှစ်​ယောက် ဂီတ နဲ့​ရှေ့အနာဂတ် ကိုဘယ်နည်းနဲ့တက်လှမ်းမလဲ လို့ ပုံ​ဖော်​နေကြပြီ၊ PlayBoy,Elf,E mechine. စတဲ့တီးဝိုင်း​တွေကိုပိုပြီးအားကျလာတယ်၊ကျွန်​တော့ရင်ထဲ ဦး​နှောက်ထဲ ကို stageshow ပိုးဝင်သွားပြီ၊​ဇော်ဝင်း ပိုးသွင်း​ပေးလိုက်တာ၊ ကျွန်​တော်တိုွနှစ်​ယောက် ပိုတွဲဖြစ်လာတယ်၊သူကကျွန်​တော်တီးတဲ့ ClassicPianoScale ​တွေကိုစိတ်ဝင်စားလာသလို ကျွန်​တော်ကလည်း ​ဇော်ဝင်း တီးတဲ့ဂီတာ scale ​တွေကိုနှစ်သက်လာတယ်၊ ကျွန်​တော်တို့သူ့စ​ကေးကိုယ်ကြင့် ကိုယ့်စ​ကေးသူကြင့်နဲ့ ဖြစ်ချင်တိုင်း​တွေဖြစ်လာကြ​ရော​ပေါ့၊guitar scale ကို piano နဲ့တီးရတာ အခက်အခဲ​တော့ရှိတယ် ဘာလို့လဲဆို​တော့ finger position မတူဘူး​လေ၊ ကျွန်​တော်အခုတီးထားတဲ့သီချင်း​လေးက ၁၉၇၁ ​လောက်ကတည်းကဘွဲ့မှူး ​ရေးထားတဲ့သီချင်း​လေးပါ၊ "မိမိုးကိုချစ်လို့ပါ" ဒါ​မေပဲ့ အဲ့အခါတုန်းက ဘွဲ့မှူးဆိုနေတာက " မိမိုး "မဟုတ်ပါဘူး၊​နောက်နာမည်တခုနဲ့ပါ၊ ကျွန်​တော် လိုက်ဆိုတော့လည်း ကျွန်​တော် အာသီသ ရှိတဲ့အခြားနာမည်တခုနဲ့​ပေါ့၊ ရန်ကင်း က ဂျိုးဖြူပိုက်လုံးကြီး​ပေါ်မှာလည်း ကျွန်​တော်နဲ့ဘွဲ့မှူး ဂီတာတီးပြီးသီချင်း​တွေဆိုခဲ့ကြဖူးတယ်၊ကျွန်​တော်တို့ရဲ့ ​အောင်​မြေ လို့သာတင်စားလိုက်ချင်ပါ​တော့တယ်ခင်ဗျား။ ဆက်လက်​ဖော်ပြပါဦးမယ်၊ ကိုသက်(Oasis) နှစ်​ပေါင်း၅၅ နှစ်ကြာခဲ့​သောကာလများဆီသို့လွမ်းခြင်း. See less

Download

0 formats

No download links available.

Moe | NatokHD