တရွေ့ချင်း တလှမ်းချင်း စ ခဲ့ရတဲ့ ဒီခရီးကြမ်းဟာ ဗလာနတ္ထိလျှောက်လှမ်းရင်းကနေ အတိုင်းအတာတခုထိ ခရီးပေါက်ခဲ့ပြီ ဖြစ်ပါတယ်။ လူထုအားနဲ့ လျှောက်တဲ့ ဒီခရီးဟာ လူထုရဲ့ စည်းလုံးညီညွတ်မှုနဲ့သာ ခရီးဆုံးပန်းတိုင်ကို ရောက်ရှိနိုင်မှာ အသေအချာပါ။
ပြည်သူအားလုံး အတူတကွ လျှောက်လှမ်းခဲ့ရတဲ့ ဒီခရီးကြမ်းကို Shadow Dance အနေနဲ့ ကြိုးစားပုံဖော်ထားတဲ့ ဖန်တီးမှုအနုပညာလက်ရာကို ဒီ Video လေးကတဆင့် ကြည့်ရှုခံစားရင်း ကုန်လွန်ခဲ့တဲ့ နှစ်တွေထက် မလျော့တဲ့ ဇွဲ၊ သတ္တိ၊ စိတ်ရည်သန်မှုနဲ့ ဆက်လက်ရှေ့ဆက်ကြနိုင်ပါစေ
#yrf #ShadowDance #springrevolution