Back to Browse

Vbat&VPH

4.5K views
Jun 3, 2025
16:45

#Vbat & Vph/VSYS No Power ဖုန်းတွေကိုစစ်ဆေးရာမှာအပိုင်း 4ပိုင်းနဲ့ စစ်ဆေးရပါမယ်။ Volt,Clock, Reset,Data တိုဖြစ်ကြတယ် ထိုအထဲက Volt ကို ဦးစားပေးအပျက်များဆုံးအဖြစ် စစ်ဆေးကြပါတယ်။ Volt အမျိုးစားပေါင်းများစွာ Volt အရေတွက်ပေါင်းများစွာထဲက INPUT Power ဖြစ်တဲ့ Vbat နဲ့ VPH တို့သက်ရောက်ပုံနဲ့ V ထွက်ပုံစနစ်တွေကို Platform တခုအနေနဲ့ လေ့လာထားရပါမယ်။ 1. VBAT(Standby Vote) Volt of Battery လို့အရှည်သုံးပါတယ် No power ဖုန်းတွေကို Battery ကောင်းမကောင်းစစ်ဆေးပြီးရင် ဒုတိယ အရေးအပါဆုံး Vbat Volt ကိုစစ်ဆေးရမှာဖြစ်ပါတယ် Vbat ဟာ တန်ဘိုးအားဖြင့် 4.2V သတ်မှတ်ထားပြီး 3.85V to 4.4V ဝန်းကျင်ထိ မထွက်ရင် ပါဝါမနိုးနိုင်ပါဘူး။ MTK Vbat သက်ရောက်ရာနေရာများ Mediatek CPU သုံးထားတဲ့ဖုန်းတွေမှာ Vbat ဟာ Capacitor သုံးလုံးခန့် Filter ထားပြီး Diode တွေဖြတ်ကာ battery အပေါင်းငုတ်မှ စတင်ပေးသွင်းထားပါတယ်။ Second PMU/BQ စသည်ဖြင့် ကြားခံ ic တလုံးသို့ Vbat ဝင်ရောက်ပါမယ်။ battery connector မှ ကြားခံ PMU/BQ သို သွားတဲ့ Vbat Way Short ကျတာဖြစ်စေ လမ်းကြောင်းပြတ်တောက်တာဖြစ်စေ Volt ပျောက်တာဖြစ်စေ ထိုဖုန်းဟာ Power မနိုးနိုင်ပါဘူး။ Other Part Way အနေနဲ့ Vbat ဟာ Antenna Sw ic , PA ic တွေဖြစ်တဲ့ Network Secation သို့ Supply Volt အဖြစ်ပေးသွင်းပါတယ် ထို Network Secation Short ကျရင် No power ဖြစ်တက်ပြီး Volt ပျောက်တာ လမ်းကြောင်းပြတ်တောင်တာဆိုရင် Network Secation Error တက်မှာဖြစ်ပါတယ်။ Quelcomm Vbat သက်ရောက်ရာနေရာများ Quelcomm CPU သုံးထားတဲ့ဖုန်းတွေမှာ Vbat ဟာ Capacitor သုံးလုံးခန့် Filter ထားပြီး Diode တွေဖြတ်ကာ battery အပေါင်းငုတ်မှ စတင်ပေးသွင်းထားပါတယ်။ Second PMU/BQ စသည်ဖြင့် ကြားခံ ic တလုံးသို့ Vbat ဝင်ရောက်ပါမယ်။ battery connector မှ ကြားခံ PMU/BQ သို သွားတဲ့ Vbat Way Short ကျတာဖြစ်စေ လမ်းကြောင်းပြတ်တောက်တာဖြစ်စေ Volt ပျောက်တာဖြစ်စေ ထိုဖုန်းဟာ Power မနိုးနိုင်ပါဘူး။ Qc ဆို Vbat ဟာ Network Secation သို့ VPH အဖြစ်သာပေးသွင်းပါတယ်။ Vbat လမ်းကြောင်း Short ကျရင် ဖုန်းကို Battery သိုမဟုတ် Supply ချိတ်ရုံနဲ့ Amper ထောင်တက်ပြီး Short တဲ့နေရာ အနည်းငယ်ပူလာပါမယ် ပူတဲ့နေရာ ခဲငွေ့ရိုက်ပြီး ရှာဖြုတ်သင့်ဖြုတ် လဲသင့်ရင်လဲရပါမယ်။ VPH_PWR/VSYS No Power Phone တွေကို စစ်ဆေးရမဲ့ တတိယမြောက် Volt လမ်းကြောင်းဖြစ်ပါတယ်။ Quelcomm CPU သုံးထားရင် VPH(Volt Phone Of Power) လိုဖော်ပြပြီး Mediatek CPU သုံးထားရင် VSYS (Volt Of System) လို့ ဖော်ပြပါတယ်။ VPH or VSYS Volt ဟာ ပုံသေအားဖြင့် Vbat ဝင်ရောက်တဲ့ IC ကနေ ထုတ်ပေးပါတယ် Vbat ကိုတဆင့်မြင့်တင်ထုတ်ပေးတာဖြစ်ပြီး VPH or VSYS အထွက်မှာ Charging Coil or VPH Coil လိုခေါ်တဲ့ Back Coil တလုံးကို Switch လုပ်ပြီး Vbat ထက်ပိုတောင့်တဲ့ Amper နဲ့အတူ VPH or VSYS Volt ကို ထုတ်ပေးထားပါတယ်။ Volt တန်ဘိုးအားဖြင့် 3.7 to 4.2v ဖြစ်ပါတယ် VPH or VSYS ဟာ ပါဝါနိုးခြင်းနဲ့ System အလုပ်လုပ်စေတဲ့ Supply Volt ဖြစ်တဲ့အတွက် backlight,Flash, Display Driver,DC to DC,Audio စသည့် Other Part Way တွေ အကုန်ပေးသွင်းမှာ ဖြစ်ပါတယ်။ VPH way Short ကျရင် No Power ဖြစ်တက်ပြီး ပင်ရင်း VPH Coil က နေ 4V ခန်းကျွေးပြီး Short ရှာရမှာ ဖြစ်ပါတယ်။

Download

0 formats

No download links available.

Vbat&VPH | NatokHD