Revit-Dyn Script: Create Wall Penetration for Linked Services
ဒီပို့စ်ကတော့ ပြီးခဲ့တဲ့ ပို့စ် (Revit-Dynamo နဲ့ Wall Opening/ Penetration) ရဲ့ အဆက်လို့ ဆိုနိုင်ပါတယ်။ အရင်ဆုံးအနေနဲ့ ပြီးခဲ့တဲ့ ပို့စ်မှာ ရေးခဲ့တဲ့ Dynamo Script ရဲ့ နေရာ ၂ ခုကို မွမ်းမံပြင်ဆင်ထားပါတယ်။ - Opening ရဲ့ Insertion Point ကို BoundingBox.MinPoint ရဲ့ အောက်ကို Offset Value ပါထပ်နှုတ်ပေးထားပါတယ်။ ဒါမှ Tolerance က လေးဖက်လုံး မျှသွားမှာပါ။ - ပြီးတော့ Family Type ရွေးတဲ့အခါမှာ Rectangular Shape ဖြစ်ဖြစ် Circular Shape ဖြစ်ဖြစ် အဆင်ပြေပြေ ဖြစ်ဖို့အတွက်ပါ ထည့်သွင်းရေးသားထားပါတယ်။ အဲ့ဒီနောက်မှာတော့ Multiple Linked Model တွေက Linked Element တွေကို Selection လုပ်ဖို့နဲ့ အဲ့ဒီ Linked Element တွေနေ ရလာမယ့် Geometry တွေဟာ Current Document ထဲမှာ Shared Coordinate Setting အတိုင်း နေရာကျဖို့အတွက် ပြင်ဆင်ရပါတယ်။ ဒီလိုပြင်ဆင်ဖို့အတွက် GeniusLoci Package ထဲက Select Linked Elements ဆိုတဲ့ Node ကို နဲနဲပြုပြင်ရပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ ပြီးခဲ့တဲ့ ပို့စ်က Dynamo Script ရဲ့ "Select Multiple Service Elements" ဆိုတဲ့ Node နေရာမှာ အပေါ်က ပြုပြင်ထားတဲ့ Select Linked Elements ဆိုတဲ့ Node နဲ့ အစားထိုးပေးလိုက်ပါတယ်။ အသေးစိတ်ကိုတော့ Video မှာ ရှင်းပြပေးထားပါတယ်။ အကျိုးရှိမယ့် Knowledge အသစ်ကလေးတွေနဲ့ အတူ ပြန်လာခဲ့ပါအုံးမယ်။
Download
0 formatsNo download links available.