ဒီတခါတော့ Revit-Dynamo နဲ့ Wall Opening/ Penetration ဖန်တီးပုံကို တင်ပြဆွေးနွေးထားပါတယ်။
ဒီ Process မှာတော့ အခြေခံအနေနဲ့ Host နဲ့ Services တွေကို Current Document ထဲမှာပဲ ထည့်ပြီး အသုံးပြုပေးထားပါတယ်။ လက်တွေ့မှာတော့ Services တွေဟာ Linked Model တွေကလာမှာမို့ ဒီ Process ထက်တော့ အဆင့်နဲနဲ ပိုပါလိမ့်မယ်။ ဒါပေမယ့် Concept ကတော့ ဒီအတိုင်းပဲမို့ လွယ်တာလေးနဲ့ပဲ ဖန်တီးပြပေးထားပါတယ်။
အချုပ်အားဖြင့်တော့
- User Input အတွက် Element Selection, Family Type နဲ့ Tolerance/ Offset Value တွေလိုအပ်ပါမယ်။
- အဲ့ဒီနောက် Geometry Intersecting Process လိုအပ်ပါမယ်။
- အဲ့ဒီ Intersect Geometry ကနေတဆင့် Opening အတွက် လိုအပ်တဲ့ Width နဲ့ Height ကိုရရှိပါမယ်။
- Wall Opening ရဲ့ Insertion Point အတွက် အရင်ဆုံး Wall ရဲ့ Location Line ကို Center ကနေ Side ဖက်ကို ရွှေ့ပေးရပါမယ်။ အဲ့ဒီကနေမှ တဆင့် Insertion Point ကိုဖန်တီးရယူရပါမယ်။
အသေးစိတ်ကိုတော့ Video မှာ ရှင်းပြပေးထားပါတယ်။
အကျိုးရှိမယ့် Knowledge အသစ်ကလေးတွေနဲ့ အတူ ပြန်လာခဲ့ပါအုံးမယ်။