ဒီ video မှာတော့ Dynamo ထဲမှာ Dictionary ဖန်တီးပုံ နဲ့ အဲ့ဒီ Dictionary Node ကို Project မှာ အသုံးချပုံကို တင်ပြဆွေးနွေးထားပါတယ်။
ပုံမှန်အားဖြင့် Excel Information တွေကို Revit ရဲ့ Element တွေဆီ Update လုပ်ကြတဲ့ အခါ Information တွေဟာ ကိုယ် Update လုပ်ချင်တဲ့ Element တွေဆီမှာ ချောချောမွေ့မွေ့ Update ဖြစ်ဖို့ ဆိုရင် Additional Package တခုခုက Node တွေကို သုံးမှပဲ အဆင်ပြေပါတယ်။ ဒါမှမဟုတ်ရင်တော့ ကိုယ်တိုင် Python Script ရေးရမယ်။
ဒီ Dictionary Node ကို အသုံးပြုခြင်းအားဖြင့် Additional Package ရော Python Script ပါမလိုတော့ပဲ ကိုယ်လိုချင်တဲ့ Result ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ :)