Back to Browse

Revit-Dyn Script: Managing Piling Works

34 views
Aug 20, 2025
40:03

ဒီတခါတော့ Revit-Dynamo နဲ့ Piling Work တွေကို Manage လုပ်ပုံလေး တင်ပြဆွေးနွေးထားပါတယ်။ ဒီပို့စ်မှာတော့ Piling Work တွေကို Manage လုပ်ဖို့အတွက် ရေးထားတဲ့ Dyn-Script (၅) ခုနဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ "Survival Course for Revit Designer" လို့ နာမည်ပေးထားတဲ့ Course Content တွေထဲကမှ အမြည်းလို့လည်း မှတ်ယူနိုင်ပါတယ်။ ၃ နာရီ နဲ့ ၁၅ ချိန် သင်မယ့် Course အတွက် အသုံးဝင်မယ့် ခေါင်းစဥ်တွေ ရွေးလို့ မပြီးသေးတာနဲ့ အဲ့ Course လည်း ခုထိ မစဖြစ်သေးဘူး။ Dyn-Script (၅) ရဲ့ အလုပ်လုပ်ပုံကတော့ - ပထမ Dyn-Script က Selected Pile Cap တွေမှာ သူတို့နဲ့ ကိုက်ညီမယ့် Pile တွေကို Insert လုပ်ပေးပါမယ်။ - ဒုတိယ Dyn-Script ကတော့ Insert လုပ်လိုက်တဲ့ Pile တွေအတွက် အလျားလိုက်သော်လည်းကောင်း၊ ဒေါင်လိုက်သော်လည်းကောင်း Numbering လုပ်သွားပေးပါမယ်။ - တတိယ Dyn-Script ကတော့ Site Setting ရဲ့ Shared Coordinate System အလိုက် Northing/ Easting Coordinates တွေကို ဖြည့်စွက်ပေးသွားပါမယ်။ - စတုထ္တ Dyn-Script ကတော့ Pile Family Element ထဲက Instance/ Type Parameter တခုခုရဲ့ Value တွေကို တခြား Instance/ Type Parameter တခုရဲ့ Value တွေဆီ ကူးယူ (Transfer)လုပ်ပေးပါမယ်။ - နောက်ဆုံး Dyn-Script ကတော့ အကြောင်းကြောင်းကြောင့် Pile Cap Family တွေရဲ့ Type ဖြစ်စေ၊ Size ဖြစ်စေ Changes ဖြစ်သွားတဲ့အခါ သူတို့နဲ့ ပတ်သက်နေတဲ့ Pile တွေကိုပါ Changes ဖြစ်သွားတဲ့ Pile Cap ရဲ့ Information အတိုင်း Update လုပ်ပေးသွားပါမယ်။ Update လုပ်တဲ့ပါမှာလည်း Parameter Value တွေတင်မကပဲ Pile တွေရဲ့ Location, Pile Type တွေကိုပါ Update လုပ်ပေးသွားမှာဖြစ်ပါမယ်။ အသေးစိတ်ကိုတော့ Video မှာ ရှင်းပြပေးထားပါတယ်။ အကျိုးရှိမယ့် Knowledge အသစ်ကလေးတွေနဲ့ အတူ ပြန်လာခဲ့ပါအုံးမယ်။

Download

0 formats

No download links available.

Revit-Dyn Script: Managing Piling Works | NatokHD